Pages

Sunday, 12 October 2008

Spider Man

ပင့်ကူလူသားဟု ကျော်ကြားသူ အယ်လိန်းရောဘတ်သည် ၂၄ ထပ်ရှိသည့် ပြင်သစ်အမျိုးသား စာကြည့်တိုက် အဆောက်အအုံပေါ်သို့  လက်ဗလာဖြင့် တွယ်တက်ခဲသည်ဟုသိရသည်။ ပြင်သစ်လူမျိုးဖြစ်သူ အယ်လိန်းသည်ပါရီမြို့ ရှိ ယင်းအဆောက်အအုံပေါ်သို့ တွယ်တက်နေစဉ်ရဲများ နှင့် ကြည့်ရှုသူများက မြေပြင်ပေါ်မှ ငေးမောကြည့်ရှုနေခဲ့သည်။ အသက် ၄၆ နှစ်ရှီပြီဖြစ်သော မစ္စတာ အယ်လိန်းရောဘတ်သည် အသက် ၁၂ နှစ်အရွယ်ကတည်းက ဆောက်အအုံများကိုစတင်တက်ခဲ့ခြင်းဖြစ်သည်။ စတင်တက်ခဲရခြင်းမှာသူ၏ ရှစ်လွှာရှီအခန်းတွင် မတော်တဆသော့ပိတ်မိပြီးအခန်းတွင်းတွင် သော့ကျန်ရစ်ခဲ့သော ကြောင့်ပြင်ပနံရံမှမဖြစ်မနေတွယ်တက်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ အယ်လိန်းသည် နောက်ပိုင်းတွင် ကမ္ဘာအမြင့်ဆုံး အဆောက်အအုံများအပါအ၀င် အဆောက်အအုံကြီး ၈၅ ခုကိုတွယ်တက်ခဲ့ပြီး ဖြစ်သည်။ သူ၏ အရပ်မှာ ၅ပေ ၃လက်မသာရှီပြီး ပေါ့ပါးလျှင်မြန်သူတစ်ဦးဖြစ်သည်။ ၁၉၈၂ တွင်သူသည် ပြင်းထန်သော မတော်တဆ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၅ မီတာအမြင့်မှ ပြုတ်ကျကာ ၅ ရက်ကြာမျှ သတိလစ် နေခဲ့သည့်အပြင် အရိုးများပါ ဒဏ်ရာရရှိခဲ့သည်။ ထိုသို့  ကြိုးပမ်းမှူ ကြောင့် အယ်လိန်းအား ရဲများက မကြာခဏ ဖမ်းဆီးသတိပေးခဲ့သည်။

No comments: